Quick Start Guide to Web Portal

၁။ ပထဆုံး Regards Website သို့ဝင်ရောက်ရန် “www.regardsengineering.com” ဟု browser ၏ address bar အတွင်းထည့်ပြီး ဝင်ရောက်ပါ။ ပြီးလျှင် အနီဖြင့်ဝိုင်းထားသော “MY ACCOUNT” ကိုနှိပ်ပါ။

၂။ Log in Screen သို့ရောက်လျှင် မိမိ၏ Email Address နှင့် Password တို့ကိုထည့်သွင်းပါ (Password မပြောင်းလဲထားလျှင် Default Password သည် “Regards2021” ဖြစ်သည်)။ နောက်တစ်ကြိမ် ထပ်ထည့်စရာမလိုရန် “Keep me signed in” ကိုအမှန်ခြစ်ပေးထားပါ။

၃။ Portal အတွင်းရောက်လျှင် မိမိ၏ Wall paper, Profile Photo တို့ကိုနှစ်သက်ရာထည့်သွင်းနိုင်ပါသည်။ အောက်တွင် Department အသီးသီးအတွက် “Document Hub” ၊ Sharing ပြုလုပ်နိုင်သော Confidential မပါရှိသည့်ဖိုင်များအတွက် “Shared Files”၊ ကိုယ်ပိုင်သီးသန့် Storage အတွက် “Personal”၊ ပုံမှန်လုပ်ငန်းဆိုင်ရာများအတွက် ပြုလုပ်ပုံများကိုဖော်ပြထားသော “General Knowledge” များရှိပြီး သွားလိုသော section ကို ဘယ်ဘက်တွင်ရွေးချယ်၍ဝင်ရောက်နိုင်ပါသည်။

၄။ ကိုယ်ပိုင်သီးသန့်နေရာအတွက် “Personal” အကွက်ကိုရွေးချယ်ပြီး မိမိနာမည်ကိုနှိပ်ကာ ဝင်ရောက်နိုင်ပါသည်။

၅။ နေရာများကိုနှိပ်လိုက်လျှင် မိမိဝင်ရောက်ခွင့်ရှိမရှိကိုစစ်ဆေးရန်အတွက် Email တောင်းပါလိမ့်မည်။ မိမိ၏ Email ကိုထည့်သွင်းပြီး Next ကိုနှိပ်ပါ။

၆။ ထည့်သွင်းလိုက်သော Email သို့ Verification Code တစ်ခုပို့ပါလိမ့်မည်။ ထိုကုတ်ကိုထည့်သွင်းပြီး “Verify” ကိုနှိပ်ပါ။ နောက်တစ်ကြိမ် ထပ်မလုပ်လိုလျှင် “Keep me signed in” ကိုအမှန်ခြစ်ထားပေးပါ။

၇။ အဆင့်အားလုံးပြီးဆုံးလျှင် Cloud Storage ကိုစတင်အသုံးပြုနိုင်ပါပြီ။

1 thought on “Quick Start Guide to Web Portal”

  1. Pingback: Changing Account Password - Regards Engineering Co., Ltd.

Leave a Comment

Your email address will not be published. Required fields are marked *