Cybercrime များရန်မှကာကွယ်ရန် နည်းလမ်းကောင်းများ
ဒီရက်ပိုင်းတွေမှာ cybercrime ဆိုတဲ့ဝေါဟာရကိုမကြာခဏကြားကြားနေရမှာပါ။ ဒီတော့ အဲ့ဒီ cybercrime ဆိုတာကြီးက ကိုယ့်ဆီမှာလာဖြစ်လာမယ်ဆိုရင်ရော? ဒီတော့ cybercrime ဆိုတာဘယ်လိုမျိုးလဲဆိုတာနဲ့ အမျိုးအစားတွေကို သေချာသိထားမယ်ဆိုရင်တော့ ကိုယ့်ဆီလာဖြစ်လာနိုင်ဖို့ ရာခိုင်နှုန်းကိုတော်တော်များများ လျော့ချပေးနိုင်မယ်ဆိုတာ သေချာပါတယ်။ ဒီ post ထဲမှာတော့ cybercrime တွေအကြောင်းသိသင့်သိထိုက်တာတွေနဲ့ အွန်လိုင်းပေါ်မှာလုံခြုံစိတ်ချစွာနေထိုင်နိုင်မယ့် နည်းလမ်းကောင်းလေးတွေကိုပြောပြပေးသွားမှာပါ။ ဘာတွေပါဝင်မလဲဆိုရင်တော့- Cybercrime ဆိုတာဘာလဲ Cybercrime အမျိုးအစားများ ဘယ်လိုအခြေအနေမျိုးတွေကို cybercrime လို့သတ်မှတ်တာလဲဆိုတာကို ဥပမာများနှင့်တကွဖော်ပြခြင်း Cybercrime များကို ကိုယ့်ဆီမှာဖြစ်မလာအောင်တားဆီးနည်း အစရှိတာတွေကိုပြောပြပေးသွားမှာပါ။ Cybercrime ဆိုတာဘာလဲ? Cybercrime ဆိုတာ computer တစ်ခု၊ computer network တစ်ခုသို့မဟုတ် network device တစ်ခုခုကို တရားမဝင်တိုက်ခိုက်မှုကိုခေါ်ဆိုခြင်းဖြစ်ပါတယ်။ အားလုံးတော့မဟုတ်ပေမယ့် ဒီလို Cybercrime ပြုလုပ်တတ်တဲ့ Hacker အများစုကငွေကြေးအကျိုးအမြတ်တစ်စုံတစ်ရာ ရယူလိုတဲ့အတွက် တိုက်ခိုက်တာမျိုးဖြစ်ပြီး အဖွဲ့အစည်းလိုက်ဖြစ်နိုင်သလို တစ်ဦးတစ်ယောက်တည်းလဲ တိုက်ခိုက်တတ်ကြပါတယ်။ တစ်ချို့က စွမ်းဆောင်ရည်မြင့်မားတဲ့ဟက်ကာတွေနဲ့ အဖွဲ့အစည်းလိုက်လုပ်ဆောင်လေ့ရှိပြီး တစ်ချို့ကတော့ ရိုးရိုးသားသားစမ်းသပ်လိုတဲ့ရည်ရွယ်ချက်ကြောင့်တိုက်ခိုက်တတ်ကြပါတယ်။ ရှာပါးတဲ့ကိစ္စရပ်မျိုးတွေဖြစ်တဲ့ ငွေကြေးတစ်စုံတစ်ရာရယူလိုမှုကြောင့်မဟုတ်ဘဲ နိုင်ငံရေးအကျိုးအမြတ် သို့မဟုတ် ပုဂ္ဂိုလ်ရေးအငြိုးအတေးကြောင့် တိုက်ခိုက်တတ်တာမျိုးလဲရှိတတ်ပါတယ်။ Cybercrime အမျိုးအစားများ အခုရေးပြပေးသွားမယ့်အရာတွေက တွေ့ရလေ့ရှိတဲ့ Cybercrime အမျိုးအစားတွေပဲဖြစ်ပါတယ်- အီးမေးလ် နှင့် အင်တာနက်ပေါ်ကလိမ်လည်မှုများ ကိုယ်ရေးအချက်အလက်လိမ်လည်ရယူမှု ငွေကြေးလွှဲပြောင်းမှုဆိုင်ရာအချက်အလက်များနှင့် card အချက်အလက်များရယူမှု Corporate data များကို ခိုးယူခြင်းနှင့် …
Cybercrime များရန်မှကာကွယ်ရန် နည်းလမ်းကောင်းများ Read More »