Quick Start Guide to MS Teams Meeting

Meeting အသစ်တစ်ခုပြုလုပ်ခြင်း

၁။ ညာဘက်အပေါ်ထောင့်မှာရှိတဲ့ “Meet” ကိုနှိပ်ပါ။

၂။ မျက်နှာပြချင်လျှင် camera toggle ကိုဖွင့်ပေးနိုင်ပါသည်။

၃။ Meeting အတွင်းမှာ ကိုယ့်ရဲ့ screen ကို share ချင်လျှင်ပဲဖြစ်ဖြစ်၊ ဖွင့်ထားတဲ့ application တစ်ခုခု (Word, Excel, Powerpoint, PDF) ကိုပြသလိုပါက အနီဖြင့်ဝိုင်းထားသော “share” ခလုပ်ကိုနှိပ်ပြီး ပြသလိုသော option တစ်ခုကိုရွေးချယ်၍ sharing ပြုလုပ်နိုင်ပါသည်။

၄။ အကယ်၍ တခြားတစ်ဖက်မှ သင့်အသံကိုမကြားရလျှင်ဖြစ်စေ၊ မျက်နှာမမြင်ရတော့လျှင်ဖြစ်စေ (camera ကိုပိတ်ထားရင်တော့မြင်ရမည်မဟုတ်ပါ) အသံအတွက်ဆိုလျှင် Mic၊ ရုပ်ပုံအတွက်ဆိုလျှင် camera တို့တစ်ခုခုအဆင်မပြေတာဖြစ်နိုင်ပါသည်။ ထိုပြဿနာအတွက် တခြားအစားထိုး USB Mic၊ USB webcam တစ်ခုခုကိုတွဲဖက်အသုံးပြုနိုင်ပါသည်။ Device setting ထဲတွင် Mic နှင့် camera နေရာတွင် တွဲဖက်တပ်ဆင်ထားသော ပစ္စည်းများကိုရွေးချယ်ပြီး အသုံးပြုနိုင်ပါသည်။ အလုပ်မရှုပ်ချင်လိုလျှင် နီးစပ်ရာကွန်ပျူတာပြင်ဆိုင်သွားပြီး ပြင်ဆင်လျှင်အလုပ်ရှုပ်သက်သာစေနိုင်ပါသည်။

၅။ အခြားလူများကို meeting အတွင်းသို့ invite လုပ်လိုလျှင် “invite someone” အကွက်တွင် invite လုပ်လိုသောသူ၏ email ကိုထည့်သွင်း၍ သို့မဟုတ် “share link” ကိုနှိပ်ပြီး Email application တစ်ခုခုတွင် Paste ချ၍ invite ပြုလုပ်နိုင်ပါသည်။

၆။ Schedule meeting ဖန်တီးလိုပါက ဘယ်ဘက်ဘေးတွင်ရှိသောဘားတန်းအတွင်းရှိ အနီဖြင့်ဝိုင်းထားသော “Meeting” ခလုပ်ကိုနှိပ်၍ နှစ်သက်ရာ နာမည်၊ အချိန်ကာလတို့ကိုရွေးချယ်၍ schedule meeting တစ်ခုပြုလုပ်နိုင်ပါသည်။ အကယ်၍ “Meeting” ခလုပ်ကိုမတွေ့ရပါက ဘားတန်းအတွင်းရှိ အစက်ကလေးသုံးစက်ကိုနှိပ်လိုက်ပါက တွေ့နိုင်ပါသည်။

Meeting အတွင်းဝင်ရောက်ခြင်း

၁။ Meeting Invitation တစ်ခုရရှိထားလျှင် “Join Microsoft Teams Meeting” လင့်ကိုနှိပ်၍ဝင်ရောက်နိုင်ပါသည်။ နှိပ်လိုက်လျှင် default ပေးထားသော browser ပွင့်လာပြီး Teams Application ဖြင့်ဖြစ်စေ၊ Browser အတွင်းမှာပင်ဖြစ်စေ Meeting အတွင်းဝင်ရောက်နိုင်ပါသည်။ တချို့ invitation များတွင် “Join Microsoft Teams Meeting” မပေါ်ဘဲ “https://teams.microsoft.com/l/meetup-join/19%3A45bdc44b8f1c4aaf8dd18e58def1733e%40thread.skype/1600829240470?context=%7B%22Tid%22%3A%2210cf8a02-f7ce-4d9e-8a0e-c6ca9d8b9635%22%2C%22Oid%22%3A%222f78bb0a-d8a6-4208-adbe-50462ef1500d%22%7D” ဟုပေါ်တတ်သည်။

၂။ Invitation အတွင်းကလင့်ကိုနှိပ်ပြီး browser ပွင့်လာပါက Application ထည့်သွင်းထားပါက “open Microsoft teams” ကိုနှိပ်၍ application မှတစ်ဆင့်သုံးနိုင်သလို “Continue on this browser” ကိုနှိပ်၍ app ဖြင့်မသုံးဘဲ browser အတွင်းမှာပင်ဆက်လက်အသုံးပြုနိုင်ပါသည်။

၃။ ပြီးလျှင် “Join Now” ကိုနှိပ်၍ Meeting အတွင်းဝင်ရောက်နိုင်ပါသည်။

1 thought on “Quick Start Guide to MS Teams Meeting”

  1. Pingback: Changing Portal Account Password - Regards Engineering Co., Ltd.

Leave a Comment

Your email address will not be published. Required fields are marked *