Windows OS များအား WannaCry Ransomware တိုက်ခိုက်ခြင်းမှ ကာကွယ်နိုင်ရန် SMB disable ပြုလုပ်ခြင်း
နောက်ဆုံးဆိုက်ဘာတိုက်ခိုက်မှုတစ်ခုအနေဖြင့် “WannaCry” အမည်ရှိ Ransomware အမျိုးအစား ဗိုင်းရပ်စ်တစ်ခု ပျံ့နှံ့ခဲ့ပြီး နိုင်ငံပေါင်း ၉၉ နိုင်ငံခန့် တိုက်ခိုက်မှုခံခဲ့ရကြောင်း တွေ့ရှိရသည်။ (Ransomware – ဆိုသည်မှာ ကူးစက်ခံရသည့် ကွန်ပျူတာ ရှိ ဖိုင်များအား ပုံမှန်အတိုင်း အသုံးပြုကြည့်ရှူခွင့်မရစေရန် ပိတ်ပင်မှုပြုလုပ်ပြီး ငွေတောင်းခံသည့် ဗိုင်းရပ်စ်အနွယ်ဝင် နှောင့်ယှက်ပရိုဂရမ်တစ်ခုဖြစ်ပါသည်။) ယခုပျံ့နှံ့ခဲ့သည့် WannaCry Ransomware သည်လည်း ဖိုင်များအား အသုံးပြုခွင့် မရအောင် encrypt ပြုလုပ်ခဲ့ပြီး၊ ပုံမှန်အတိုင်း (Decrypt) ပြန်လည်ပြုလုပ်ရန်အတွက် အမေရိကန်ဒေါ်လာ ၆၀၀ နှင့်ညီမျှသည့် Bitcoin အား ပေးပို့ရန် တောင်းခံခဲ့သည်။ ၎င်း Ransomware သည် ၂၀၁၇ ခုနှစ် ဧပြီလအတွင်း အမေရိကန် အမျိုးသားလုံခြုံရေး အေဂျင်စီ NSA မှ …