လူ့ကိုယ်ထဲ ထည့်ထားနိုင်တဲ့ ဘဏ် Chip ကတ် တစ်မျိုး ကုမ္ပဏီတစ်ခု ထုတ်လုပ်နေ
ယူရို ၂၀၀ ဈေးနဲ့ ရောင်းချနေပါတယ် အရေပြားအောက် ထည့်မြှပ်ထားနိုင်တဲ့ ကမ္ဘာ့ပထမဆုံး ငွေပေးချေမှုလုပ်နိုင်မယ့် မိုက်ခရိုချပ်စ်တစ်မျိုးကို ပိုလန်-ဗြိတိန်ကုမ္ပဏီတစ်ခုက ဖန်တီးထားတယ်လို့ ဆိုပါတယ်။ လူ့ကိုယ်ခန္ဓာအတွင်း Implant စိုက်နိုင်တဲ့ Bank Card Chip တွေကို စီးပွားဖြစ် ထုတ်လုပ်ရောင်းချမှုကို Walletmor ကုမ္ပဏီက ပထမဆုံးအကြိမ် စတင်နိုင်ခဲ့တာလို့ ပိုလန်-ဗြိတိန်စီးပွားရေး စွန့်ဦးတီထွင်ရှင် ဝေါ့ဂျ်တက်ခ် ပက်ပရိုတာက ဆိုပါတယ်။ Walletmor ရဲ့ ထုတ်ကုန်ဟာ ငွေပေးချေရေး ကတ်ဖတ်နိုင်တဲ့ စက်တွေမှာ ထိတွေ့မှုလုပ်စရာမလိုဘဲ ငွေချေနိုင်မယ့် contactless payment စနစ်မျိုး ဖြစ်ပြီး လူရဲ့ အရေပြားအောက်မှာ ထည့်သွင်းထားနိုင်မှာ ဖြစ်ပါတယ်။ Walletmor ရဲ့ ထုတ်ကုန်မှာ လုံခြုံအောင် လျှို့ဝှက်ကုဒ်ခံထားတဲ့ ငွေပေးချေရေးအချက်အလက်တွေကို သိမ်းဖို့ microprocessor တစ်ခု …
လူ့ကိုယ်ထဲ ထည့်ထားနိုင်တဲ့ ဘဏ် Chip ကတ် တစ်မျိုး ကုမ္ပဏီတစ်ခု ထုတ်လုပ်နေ Read More »