News

Latest News

iPhone မှာ ဘယ်ပစ္စည်းတွေ လဲထားသလဲ ကြည့်နိုင်မယ့် Feature ပါဝင်လာ

Self-Service Repair အစီအစဉ် အသက်ဝင်လာပြီလို့ ဆိုရမှာပါ Apple ကုမ္ပဏီဟာ iPhone သုံးသူတွေအတွက် ဘယ်အပိုင်းကို ပြင်ထားလဲဆိုတာကို အသိပေးမယ့် Feature သစ် ကြေညာလိုက်ပါတယ်။  iOS 15.2 update မှာ တွေ့ရမယ့် ဒီ feature ဟာ ဖုန်းရဲ့ဘယ်အပိုင်းတွေ ပြင်ထားသလဲ ၊ ဘက်ထရီနဲ့ Screen က လဲထားတာလားဆိုတာကို ဖော်ပြပေးသွားမှာပါ။ 9to5 Mac သတင်းအရ ဖုန်းထဲက လဲထားတဲ့အစိတ်အပိုင်းတွေနဲ့ ဖုန်းပြင်ထားတဲ့ History ဟာ ဖုန်း Settings ထဲကနေ ဝင်ကြည့်နိုင်မယ်လို့ ဆိုပါတယ်။ ကြည့်တာကိုတော့ Settings ထဲက General ကို သွားပြီး About အောက်ကနေ ဝင်ကြည့်နိုင်မှာ ဖြစ်ပါတယ်။  တစ်ပတ်ရစ်နဲ့ […]

iPhone မှာ ဘယ်ပစ္စည်းတွေ လဲထားသလဲ ကြည့်နိုင်မယ့် Feature ပါဝင်လာ Read More »

အိုမစ်ခရွန် ကိုဗစ်ဗိုင်းရပ်စ်သစ်ကြောင့် ကမ္ဘာတစ်ဝန်း ကူးစက်မှုအန္တရာယ် အလွန်မြင့်မားကြောင်း WHO ပြော

အိုမစ်ခရွန်က ကိုဗစ်ရောဂါ ပိုမိုပြင်းထန်စေခြင်းရှိ မရှိ ရှင်းရှင်းလင်းလင်း မသိရသေးကြောင်းလည်း WHO က ပြောထားပါတယ် ဗီဇပြောင်းမှု ကြီးကြီးမားမားရှိတဲ့ ကိုရိုနာဗိုင်းရပ်စ်အသစ် အိုမစ်ခရွန်ဟာ နိုင်ငံတကာသို့ ကူးစက်ပျံ့နှံ့ဖွယ်ရှိပြီး ကူးစက်မှုများ မြင့်တက်လာနိုင်တဲ့အန္တရာယ် အလွန်မြင့်မားကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းက နိုဝင်ဘာ ၂၉ ရက်နေ့မှာ ပြောကြားပါတယ်။ အိုမစ်ခရွန်ဗိုင်းရပ်စ်ကြောင့် ကူးစက်မှုတွေမြင့်တက်လာရာမှ အချို့နေရာတွေမှာ ပြင်းထန်တဲ့ အကျိုးဆက်များရှိလာနိုင်တယ်လို့လည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization – WHO) က ဆိုပါတယ်။ အိုမစ်ခရွန်နဲ့ ဆက်နွယ်နေတဲ့ သေဆုံးမှုတွေ ယခုအချိန်အထိ မရှိသေးပေမဲ့ ကာကွယ်ဆေးတွေနဲ့ ယခင် COVID-19 ဖြစ်ခဲ့ဖူးသူတွေမှာ က ကာကွယ်နိုင်မှုကို သိရှိနိုင်ရန် နောက်ထပ် လေ့လာမှုတွေ လိုအပ်နေသေးကြောင်း WHO က ဖြည့်စွက်ပြောပါတယ်။ “အိုမစ်ခရွန်မှာ

အိုမစ်ခရွန် ကိုဗစ်ဗိုင်းရပ်စ်သစ်ကြောင့် ကမ္ဘာတစ်ဝန်း ကူးစက်မှုအန္တရာယ် အလွန်မြင့်မားကြောင်း WHO ပြော Read More »

Starlink အင်တာနက် မြန်နှုန်း 400Mbps ကျော်အထိ ရှိလာ

၂၀၂၂ ခုနှစ်မှာ ပုံမှန်အင်တာနက်မြန်နှုန်း 300Mbps နှုန်း ရမယ်လို့ ကတိပြုထားပါတယ် SpaceX ရဲ့ Starlink အင်တာနက် Download Speed ဟာ စံချိန်သစ် ရောက်လာခဲ့တယ်လို့ သုံးစွဲသူတစ်ဦးက Reddit လူမှုကွန်ရက်ပေါ် မျှဝေထားပါတယ်။  လက်ရှိ Starlink သုံးစွဲသူ အများစုဟာ အင်တာနက်ဒေါင်းလုပ်ဆွဲမှုမြန်နှုန်း 100Mbps ကနေ 200Mbps အတွင်း အသုံးပြုနေကြတာ ဖြစ်တယ်လို့ ကုမ္ပဏီရဲ့ ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။ ဒါပေမယ့်လည်း ပြီးခဲ့တဲ့လအနည်းငယ်အတွင်း သုံးစွဲသူတချို့ကတော့ Download Speed မြန်နှုန်း 300Mbps ကျော်အထိ အသုံးပြုနိုင်တာ တွေ့ရတယ်ဆိုပြီး ပြောနေကြပါတယ်။  ဒီတစ်ပတ်ထဲမှာ ကနေဒါနိုင်ငံ နယူးဖောင်းလန်းခရိုင်က Starlink သုံးစွဲသူတစ်ယောက်ကတော့ Download Speed မြန်နှုန်း 400Mbps ကျော်အထိ အသုံးပြုနိုင်ကြောင်း

Starlink အင်တာနက် မြန်နှုန်း 400Mbps ကျော်အထိ ရှိလာ Read More »

အိုမစ်ခရွန် ဗိုင်းရပ်စ်သစ်က ကိုဗစ်ဖြစ်ပြီးသားသူတွေလည်း ပြန်ကူးစက်နိုင်

ကူးစက်မှု အမြန်ဆုံး ဗိုင်းရပ်စ်ပိုးသစ်တစ်ခုလည်းဖြစ်ပါတယ်။ လက်ရှိကူးစက်ပြန့်နှံ့နေတဲ့ ဗီဇပြောင်း ကိုဗစ်ဗိုင်းရပ်စ်ပိုးသစ် အိုမစ်ခရွန်ဟာ ယခင်ကိုဗစ်ဖြစ်ပြီးသားသူတွေကိုလည်း ပြန်ကူးစက်နိုင်တယ်လို့ သိရပါတယ်။ အိုမစ်ခရွန်ဗိုင်းရပ်စ်သစ်ဟာ ယခင်တွေ့ရှိထားခဲ့ ဗိုင်းရပ်စ်ပိုးတွေထက် ကူးစက်မှုအမြန်ဆုံးဖြစ်ပြီး တစ်ပတ်အတွင်းမှာတောင် နိုင်ငံပေါင်း (၂၀)ကျော်ထိ ကူးစက်ပြန့်နှံ့ခဲ့တာဖြစ်ပါတယ်။ “ ကူးစက်မှုကတော့ အရမ်းမြန်တယ်။ တစ်နေ့ချင်းတောင် ပိုးတွေ့ရှိတဲ့ နိုင်ငံတွေတိုးလာနေတာ အခုဆို (၂၀)ကျော်တောင်ရှိပြီ။ အခုတွေ့ရှိတဲ့ပိုးကို လက်ရှိထိုးနှံနေတဲ့ ကာကွယ်ဆေးတွေနဲ့ ကာကွယ်တားဆီးနိုင်မလားဆိုတော့ ပညာရှင်တွေကလေ့လာနေတယ်။ တစ်ပတ်နှစ်ပတ်အတွင်းမှာ အဖြေသိရမယ်ပေါ့။ ကာကွယ်ဆေးထိုးထားတဲ့သူတွေအနေနဲ့ ကူးစက်နိုင်ချေရှိနိုင်လားဆိုတာကိုတော့ လေ့လာမှုတွေလုပ်နေသေးပေမယ့်လည်း ဒီဗိုင်းရပ်စ်ပိုးက ယခင်ကိုဗစ်ဖြစ်ပြီးသားသူတွေကိုတောင် ပြန်ကူးနိုင်တယ်လို့ လေ့လာတွေ့ရှိထားတယ်။ သေချာတာကတော့ ကာကွယ်ဆေးထိုးထားတဲ့သူတွေအတွက် လေ့လာဆဲဖြစ်နေသော်လည်း ရောဂါဖြစ်ပြီးသားသူတွေကတော့ ပြန်ပြီးကူးစက်နိုင်တယ်”လို့ အထွေထွေအထူးကုသမားတော်ကြီး ဒေါက်တာမိုးအောင်ကျော်နိုင်က ပြောပါတယ်။ လက်ရှိတွေ့ရှိချက်အရ အိုမီခရွန်ဗိုင်းရပ်ပိုးတွေ့ရှိသူတွေဟာ လူငယ်၊လူလတ်ပိုင်းတွေဖြစ်တယ်လို့သိရပါတယ်။ ကာကွယ်ဆေးက အများဆုံးအားဖြင့် အသက်ကြီးပိုင်းတွေသာ ထိုးနှံကြတာဖြစ်လို့ ကာကွယ်ဆေးမထိုးရသေးတဲ့

အိုမစ်ခရွန် ဗိုင်းရပ်စ်သစ်က ကိုဗစ်ဖြစ်ပြီးသားသူတွေလည်း ပြန်ကူးစက်နိုင် Read More »

ကမ္ဘာ့ပထမဆုံး USB-C ပါ iPhone X ဒေါ်လာ ၈၅၀၀၀ ကျော် ပေးဝယ်သူ ရှိနေ

Lightning အစား USB-C port ပြောင်းပြီး ဖန်တီးထားတဲ့ iPhone တစ်လုံးအတွက် ဒေါ်လာ ၈၅၀၀၀ (မြန်မာငွေသိန်း ၁၅၃၀ကျော်) ပေးဝယ်နေတဲ့သူတွေ ရှိနေပါတယ်။  ပြီးခဲ့တဲ့ အောက်တိုဘာလက ကန်ပီလွန်နယ်ဆိုတဲ့ စက်ရုပ်အင်ဂျင်နီယာတစ်ယောက်ဟာ iPhone X ကို Lightning ကနေ USB-C port ပြောင်းတဲ့ ဗွီဒီယိုတစ်ခု YouTube ပေါ်တင်ခဲ့ပါတယ်။ “ကမ္ဘာ့ပထမဆုံး USB-C iPhone “လို့ နာမည်ပေးထားတဲ့ ဗွီဒီယိုမှာ အသစ်ပြောင်းလိုက်တဲ့ USB-C port နဲ့ အားသွင်းနိုင်သလို အချက်အလက်တွေကူးပြောင်းတာလည်း လုပ်နိုင်မယ်လို့ ပြောခဲ့ပါတယ်။  ပီလွန်နယ်ဟာ Swiss Federal Institute of Technology မှာ စက်ရုပ်အတတ်ပညာနဲ့ မဟာဘွဲ့ရထားသူဖြစ်သလို အီလက်ထရွန်းပိုင်းမှာလည်း တတ်ကျွမ်းသူ ဖြစ်ပါတယ်။

ကမ္ဘာ့ပထမဆုံး USB-C ပါ iPhone X ဒေါ်လာ ၈၅၀၀၀ ကျော် ပေးဝယ်သူ ရှိနေ Read More »

နိုင်ငံတကာထက် သက်သာတဲ့နှုန်းထားနဲ့ အိန္ဒိယမှာ အင်တာနက်ပေးမယ့် Starlink

Starlink ဂြိုလ်တုအင်တာနက်ဝန်ဆောင်မှုလုပ်ငန်းဟာ အိန္ဒိယမှာ အင်တာနက်ဈေးသက်သက်သာသာနဲ့ ဝန်ဆောင်မှုပေးသွားမယ်လို့ ဆိုပါတယ်။  Starlink ဟာ မကြာသေးခင်ကပဲ အိန္ဒိယဈေးကွက်မှာ ဂြိုလ်တုအင်တာနက်ဝန်ဆောင်မှုရုံးခွဲဖွင့်လှစ်ခဲ့တာပါ။ အီလွန်မတ်စ်ပိုင် SpaceX ရဲ့ အင်တာနက်ဝန်ဆောင်မှုလုပ်ငန်းတစ်ခုဖြစ်တဲ့ Starlink ဟာ အိန္ဒိယဈေးကွက်မှာ အင်တာနက်ဝန်ဆောင်မှုကို ပိုသက်သာတဲ့နှုန်းထားတဲ့ လူများများ သုံးနိုင်အောင် ဈေးလျှော့ပေးဖို့ ပြင်နေတယ်လို့ Hindustan Times သတင်းက ဖော်ပြထားပါတယ်။  အိန္ဒိယဈေးကွက်မှာ နိုင်ငံတကာဈေးကွက်ထက် ပိုသက်သာတဲ့နှုန်းထားနဲ့ ဝန်ဆောင်မှုတွေ ပေးသွားမှာ ဖြစ်ပြီး လောလောဆယ်မှာ Deposit အပ်ငွေကြိုသွင်းပြီး pre-booking ဖွင့်ထားနိုင်တယ်လို့လည်း ဆိုပါတယ်။ Starlink Service အတွက် Deposit နှုန်းထားဟာ ရူပီး ၇၅၀၀ (မြန်မာငွေ ၁ သိန်း ၈ သောင်းကျော်) ခန့် ကျသင့်မှာပါ။ Package

နိုင်ငံတကာထက် သက်သာတဲ့နှုန်းထားနဲ့ အိန္ဒိယမှာ အင်တာနက်ပေးမယ့် Starlink Read More »

ဒေါ်လာသိန်းဂဏန်းတန် ရင်းနှီးမြှပ်နှံမှု Better HR ဒုတိယအကြိမ်ရရှိ

ပြည်တွင်းနည်းပညာအခြေပြု HR လုပ်ငန်းတစ်ခုဖြစ်တဲ့ Better Technologies ဟာ ဒေါ်လာသိန်းနဲ့ချီ ရင်းနှီးမြှပ်နှံမှု ရခဲ့တယ်လို့ ဆိုပါတယ်။  Cloud အခြေပြု HR Startup တစ်ခုဖြစ်တဲ့ Better Technologies (Better HR) ဟာ လက်ရှိရင်းနှီးမြှပ်နှံသူတွေအပြင် ရင်းနှီးမြှပ်နှံသူအသစ်တွေဆီကပါ ဒေါ်လာသိန်းနဲ့ချီ ရင်းနှီးမြှပ်နှံမှု ရခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။ Better HR ဆော့ဖ်ဝဲလ်နဲ့ app ဟာ ဝန်ထမ်းများ ရုံးတက်/ရုံးဆင်းချိန် မှတ်တမ်းတင်ခြင်း ၊ ခွင့်ယူခြင်း ၊ အချိန်ပိုဆင်းခြင်းနဲ့ လစာတွက်ချက်ခြင်း စတဲ့ HR လုပ်ငန်းစဉ်တွေကို နည်းပညာအကူအညီနဲ့ မြန်ဆန်သွက်လက်အောင် အသေးစားနဲ့အလတ်စားကုမ္ပဏီတွေအတွက် ဝန်ဆောင်မှုပေးနေတာပါ။ Better HR ဝန်ဆောင်မှုကို မြန်မာ ၊ သီရိလင်္ကာ ၊ ဗီယက်နမ်နိုင်ငံတွေမှာ ရှိတဲ့

ဒေါ်လာသိန်းဂဏန်းတန် ရင်းနှီးမြှပ်နှံမှု Better HR ဒုတိယအကြိမ်ရရှိ Read More »

Colonial Pipeline Co. ကို DarkSide အဖွဲ့ လုပ်သွားခဲ့တဲ့ Hacking နည်းလမ်း

ပြီးခဲ့တဲ့မေလတုန်းက တိုက်ခိုက်ခံခဲ့ရတဲ့ အမေရိကန်ဆီဖြန်ဖြူးတဲ့ ကုမ္ပဏီတစ်ခုဖြစ်တဲ့ Colonial Pipeline Co. ကို ဟက်ကာအဖွဲ့ DarkSide မှဘယ်လိုတိုက်ခိုက်သွားသလဲဆိုတာကို အခုအခါသိရှိရပြီဖြစ်ပါတယ်။ ဆိုက်ဘာတိုက်ခိုက်မှုကျူးလွန်ခဲ့တဲ့ သူတွေကကုမ္ပဏီရဲ့ မသုံးတော့ပြီဖြစ်တဲ့ VPN account ရဲ့ password ကိုရယူကာ Company Internal Network ကိုဝင်ရောက်ပြီး Ransomware Attack တစ်ခုပြုလုပ်ခဲ့တာဖြစ်ပြီး အကျိုးဆက်ကတော့ တစ်လကြာမြင့်ခဲ့ပြီးဖြစ်တဲ့ ယခုအချိန်ထိတောင် ဂယက်ထနေဆဲဖြစ်ပါတယ်။ ဒီလိုမျိုး မသုံးဖြစ်တာကြာမြင့်နေပြီဖြစ်တဲ့ VPN Account Password ကိုရယူကာ Ransomware Attack ပြုလုပ်ခဲ့တဲ့အတွက် Colonial Pipeline Co., အတွက် လုပ်ငန်းနှောင့်နှေးမှုတွေဖြစ်ပေါ်ခဲ့ကာ အခုအချိန်အထိ အမေရိကန်အစိုးရနှင့် cybersecurity expert တို့စစ်ဆေးနေဆဲဖြစ်ပါတယ်။ “တိုက်ခိုက်သူတွေမှ ဒီလိုမသုံးတော့တာကြာမြင့်ပြီဖြစ်သော်လည်း သုံးလို့ရနေသေးသည့် VPN Account

Colonial Pipeline Co. ကို DarkSide အဖွဲ့ လုပ်သွားခဲ့တဲ့ Hacking နည်းလမ်း Read More »

Apple ကြောင့် Social Media ကုမ္ပဏီကြီးတချို့ ဒေါ်လာ ၁၀ ဘီလျံလောက် နစ်နာ

Facebook အပါအဝင် လူမှုကွန်ရက်ကုမ္ပဏီကြီးတွေဟာ Apple ရဲ့ မူဝါဒအပြောင်းအလဲကြောင့် ဒေါ်လာ ၁၀ ဘီလျံနီးပါး ဆုံးရှုံးခဲ့ရတယ်လို့ ဆိုပါတယ်။  Financial Times သတင်းအရ iPhone ပေါ်က Privacy Settings အပြောင်းအလဲဟာ အခု Meta လို့ ဖြစ်လာတဲ့ Facebook ၊ Twitter ၊ Snapchat နဲ့ YouTube တို့ကို ဒေါ်လာ ၉.၈၅ ဘီလျံခန့် အထိနာစေခဲ့တယ်လို့ ဖော်ပြထားပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်ထဲမှာ App တွေအနေနဲ့ သုံးစွဲသူအချက်အလက်ကို ခြေရာခံမယ်ဆိုရင် User ရဲ့ ခွင့်ပြုချက် permission တောင်းဖို့ App Tracking Transparency (ATT) မူဝါဒသစ်ကို Apple က ကြေညာခဲ့ပါတယ်။ 

Apple ကြောင့် Social Media ကုမ္ပဏီကြီးတချို့ ဒေါ်လာ ၁၀ ဘီလျံလောက် နစ်နာ Read More »

ဟက်ကာသတင်းပေးနိုင်သူကို ဒေါ်လာ ၁၀ သန်း ဆုချီးမြှင့်မယ်လို့ အမေရိကန်အစိုးရကြေညာ

အမေရိကန်လောင်စာကုမ္ပဏီ Colonial Pipeline ရပ်ဆိုင်းအောင် Ransomware တိုက်ခိုက်ခဲ့တဲ့ ဟက်ကာတွေအကြောင်း သတင်းပေးနိုင်သူကို အမေရိကန်အစိုးရက ဒေါ်လာ ၁၀ သန်းအထိ ဆုချီးမြှင့်သွားမယ်လို့ ဆိုပါတယ်။  မေလထဲက ဖြစ်ပွားခဲ့တဲ့ Colonial Pipeline ကုမ္ပဏီ DarkSide Ransomware တိုက်ခိုက်ခံရမှုကြောင့် အမေရိကန်အရှေ့ကမ်းရိုးတန်းတလွှားမှာ အသုံးပြုနေတဲ့ လောင်စာဆီရဲ့ ၄၅% ကို သယ်ပေးနေတဲ့ ပိုက်လိုင်းတစ်ခု ရပ်ဆိုင်းသွားခဲ့ပါတယ်။ ဒီဖြစ်ရပ်ကြောင့် လောင်စာဆီကို ကြောက်လန့်တကြား ဝယ်စုလာခဲ့သလို နိုင်ငံပိုင်အခြေခံအဆောက်အဦတွေ အလွယ်တကူ ဆိုက်ဘာတိုက်ခိုက်နိုင်တဲ့အပေါ် ထိတ်လန့်တုန်လှုပ်သွားခဲ့ကြပါတယ်။ Colonial Pipeline တိုက်ခိုက်မှုကို ကျူးလွန်ခဲ့တဲ့ ဟက်ကာအဖွဲ့တွေရဲ့ နာမည်နဲ့ တည်နေရာကို ပြောနိုင်သူကို အမေရိကန်နိုင်ငံခြားရေးဌာနက ဆုကြေးဒေါ်လာ ၁၀ သန်းအထိ ပေးမယ်လို့ ကြေညာကြောင်း The Verge သတင်းက

ဟက်ကာသတင်းပေးနိုင်သူကို ဒေါ်လာ ၁၀ သန်း ဆုချီးမြှင့်မယ်လို့ အမေရိကန်အစိုးရကြေညာ Read More »