News

Latest News

အမေရိကန်ဆန်ရှင်ကြောင့် ဆာဗာစီးပွားရေးပါ Huawei ရောင်းမယ်လို့ သတင်းထွက်နေ

US Sanction ကြောင့် အကျပ်ဆိုက်ခဲ့ပြီး Honor စမတ်ဖုန်း Brand ကို လက်လွှတ်လိုက်ရတဲ့ Huawei ဟာ နောက်ထပ် စီးပွားရေးလုပ်ငန်းတစ်ခုပါ ရောင်းချသွားဖို့ ရှိတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။  Bloomberg သတင်းအရ Huawei ဟာ ကုမ္ပဏီရဲ့ x86 server လုပ်ငန်းဌာနကို ရောင်းချဖို့ ရှိတယ်ဆိုပြီး ဖော်ပြထားပါတယ်။ ဒီကိစ္စနဲ့နီးစပ်တဲ့ သတင်းအမြစ်တွေဆီက လာတဲ့ သတင်းဖြစ်ပြီး Huawei ဘက်က အတည်ပြုမထားသေးပါဘူး။အမေရိကန်အစိုးရရဲ့ စီးပွားရေးပိတ်ဆို့မှုတွေကြောင့် Huawei ရဲ့ Server Supply Chain လည်း အထိနာနေတယ်လို့ သတင်းထွက်နေပြီး ဒါကြောင့်ပဲ ကုမ္ပဏီအနေနဲ့ ဆာဗာစီးပွားရေးကို ရောင်းထုတ်ဖို့ ဖိအားကြုံလာတာလို့ ဆိုပါတယ်။  Huawei သာ ကုမ္ပဏီရဲ့ ဆာဗာလုပ်ငန်းကို ရောင်းမယ်ဆိုရင် […]

အမေရိကန်ဆန်ရှင်ကြောင့် ဆာဗာစီးပွားရေးပါ Huawei ရောင်းမယ်လို့ သတင်းထွက်နေ Read More »

Meta ပိုင် Facebook ၊ Instagram ဝန်ဆောင်မှုများ ပြတ်တောက်ခဲ့

Facebook တည်ထောင်သူ မတ်ခ်ဇူကာဘတ်အတွက် နောက်ထပ်ခေါင်းကိုက်စရာတစ်ခု ဖြစ်ပေါ်ခဲ့ပါတယ်။ ကုမ္ပဏီနာမည်ကို Meta လို့ ပြောင်းပြီးနောက် ဒီမနက် ဩစတြေးလျအရှေ့ပိုင်း စံတော်ချိန် မနက် ၆ နာရီ (မြန်မာစံတော်ချိန် မနက် ၁ နာရီခွဲခန့်)ဝန်းကျင်က ကမ္ဘာတလွှားမှာ Meta ပိုင် လူမှုကွန်ရက်ဝန်ဆောင်မှုတွေ သုံးမရဖြစ်သွားခဲ့တယ်လို့ The Mercury သတင်းက ဖော်ပြပါတယ်။ Meta ပိုင် Facebook ၊ Instagram ၊ Workplace Chat နဲ့ Messenger ဝန်ဆောင်မှုတွေ ပြတ်တောက်ခဲ့တာ ဖြစ်ပြီး ကွန်ရက်ပြတ်တောက်မှုဟာ တစ်ကမ္ဘာလုံးက Users တွေပေါ် သက်ရောက်ခဲ့တယ်လို့လည်း ဆိုပါတယ်။  ဝန်ဆောင်မှုပြတ်တောက်ခဲ့တာကြောင့် သုံးစွဲသူတွေဟာ ကုမ္ပဏီပိုင် apps တွေထဲကနေ စာပို့မရတာ ကြုံခဲ့သလို Browser

Meta ပိုင် Facebook ၊ Instagram ဝန်ဆောင်မှုများ ပြတ်တောက်ခဲ့ Read More »

တရုတ်ကားကုမ္ပဏီက နောက်သုံးနှစ်အတွင်း မိုးပျံကားတွေ ရောင်းချမည်

လာမယ့် ၂၀၂၄ ခုနှစ်ကစပြီး တရုတ်ထုတ်မိုးပျံကားတွေကို ဈေးကွက်မှာ မြင်ရဖို့ ရှိပါတယ်။ တရုတ်လျှပ်စစ်ကားကုမ္ပဏီ Xpeng ရဲ့ မိတ်ဖက်ကုမ္ပဏီတစ်ခုဖြစ်တဲ့ HT Aero က ၂၀၂၄ ခုနှစ်မှာ မိုးပျံကားတွေ ဖြန့်ချိမယ့်အစီအစဉ်ကို ကြေညာလိုက်တာ ဖြစ်ပါတယ်။ လောလောဆယ် မိုးပျံကားတွေ စီးပွားဖြစ်ထုတ်လုပ်ရောင်းချခြင်းမရှိသေးပေမယ့် HT Aero အနေနဲ့ လာမယ့်နှစ်အနည်းငယ်အတွင်း မိုးပျံကားတွေ လမ်းမပေါ် ရောက်လာမယ့်အကြောင်းကို ချပြလာတာပါ။ ဈေးကွက်ဝင်မယ့် မိုးပျံကားနောက်ဆုံးအဆင့် ဒီဇိုင်းမှာ အပြောင်းအလဲ ရှိနိုင်တယ်လို့လည်း HT Aero က ပြောပါတယ်။ CNBC သတင်းအရ HT Aero ရဲ့ မိုးပျံယာဉ်ဒီဇိုင်းဟာ အပေါ့စား Lightweight ဒီဇိုင်းနဲ့လာပြီး ဖိုက်တာဂျက်တွေရဲ့ အမြန်နှုန်းနဲ့ ဟယ်လီကော်ပတာရဲ့ စွမ်းဆောင်ရည်ပေါင်းစပ်ထားတဲ့ ဘေးဆန့်နိုင် Fold-Away Rotors

တရုတ်ကားကုမ္ပဏီက နောက်သုံးနှစ်အတွင်း မိုးပျံကားတွေ ရောင်းချမည် Read More »

Metaverse ဖန်တီးရေးအတွက် ဒေါ်လာ ၁၀ ဘီလျံကျော် သုံးစွဲနေတဲ့ Facebook

Metaverse ကမ္ဘာတစ်ခု ဖြစ်လာဖို့ ကြိုးပမ်းနေတဲ့ Facebook Reality Labs အတွက် ကုမ္ပဏီအနေနဲ့ ဒီနှစ်ထဲမှာ အနည်းဆုံး ဒေါ်လာ ၁၀ ဘီလျံ အကုန်အကျခံသွားမယ်လို့ ဆိုပါတယ်။  Facebook ဟာ AR/VR ထုတ်ကုန်တွေနဲ့ လူမှုကွန်ရက်အတွေ့အကြုံကို ဖော်ဆောင်မယ့် Metaverse တစ်ခု တည်ထောင်ရေးအတွက် လုံးပန်းနေပါတယ်။ Facebook Reality Labs ဟာ AR နဲ့ VR hardware များ ၊ ဆော့ဖ်ဝဲလ်နဲ့ content များ ဖန်တီးရေးဘက်ကို အာရုံစိုက်နေတာပါ။ တစ်နည်းအားဖြင့် Reality Labs ဟာ တချိန်မှာ VR Headset လို ထုတ်ကုန်တွေနဲ့ သုံးဖက်မြင် 3D ပုံရိပ်ယောင်အွန်လိုင်းလူမှုအတွေ့အကြုံသစ်တွေ ဖော်ထုတ်ဖို့ ဖြစ်ပါတယ်။

Metaverse ဖန်တီးရေးအတွက် ဒေါ်လာ ၁၀ ဘီလျံကျော် သုံးစွဲနေတဲ့ Facebook Read More »