News

Latest News

စမတ်ဖုန်းနဲ့ ထိန်းချုပ်ပြီး မောင်းနိုင်မယ့် ထွန်စက်တစ်မျိုး John Deere ကုမ္ပဏီ မိတ်ဆက်

ဒေါ်လာ ၅ သောင်းဝန်းကျင် ဈေးနဲ့ ရောင်းချဖို့ ရှိပါတယ် လယ်ယာသုံးစက်ပစ္စည်းကုမ္ပဏီ John Deere ကနေ အလိုအလျောက်မောင်းနှင်နိုင်မယ့် ပထမဆုံးထွန်စက်တစ်မျိုးကို CES နည်းပညာထုတ်ကုန်ပြပွဲမှာ မိတ်ဆက်ပြသသွားပါတယ်။ အကြီးစားလယ်ယာသုံး ယန္တရားတွေ ထုတ်လုပ်နေတဲ့ အမေရိကန်နည်းပညာကုမ္ပဏီ John Deere ရဲ့ ယာဉ်မောင်းမလိုဘဲ သူ့အလိုအလျောက် မောင်းနှင်နိုင်မယ့် ထွန်စက်ကို ကြေညာသွားတာ ဖြစ်ပါတယ်။ John Deer ဟာ လက်ရှိဈေးကွက်ဝင် ထွန်စက်တွေထဲမှာ ထည့်သွင်းနိုင်မယ့် အလိုအလျောက်လုပ်ဆောင်ချက်သုံး Kit တစ်မျိုးကို CES ပွဲမှာ မိတ်ဆက်ပြသသွားခဲ့တာပါ။ လာ့စ်ဗီးဂတ်စ် CES ပွဲမှာ ပြသသွားတဲ့ John Deere 8R မောင်းသူမဲ့ထွန်စက်ဟာ စမတ်ဖုန်းတစ်လုံး သုံးပြီး မောင်းနှင်နိုင်မယ့်ယာဉ်ဖြစ်ပြီး တစ်ရက်ကို ၂၄ နာရီလုံး မောင်းနိုင်မယ်လို့ […]

စမတ်ဖုန်းနဲ့ ထိန်းချုပ်ပြီး မောင်းနိုင်မယ့် ထွန်စက်တစ်မျိုး John Deere ကုမ္ပဏီ မိတ်ဆက် Read More »

ခလုတ်တစ်ချက်နှိပ်ရုံနဲ့ အရောင်ပြောင်းနိုင်တဲ့ ကားတစ်မျိုး BMW မိတ်ဆက်

အရောင်ကို Customize လုပ်နိုင်တောမယ့် ကားတွေပါ ကမ္ဘာကျော် ဂျာမန်ကားကုမ္ပဏီ BMW ကနေ လာ့စ်ဗီးဂတ်စ် CES ပွဲမှာ အမိုက်စားကားနည်းပညာတစ်မျိုး ထုတ်ဖော်ပြသသွားပါတယ်။  CES 2022 ပွဲမှာ BMW ဟာ အီလက်ထရိုဖိုရက်တစ်နည်းပညာ အကူအညီနဲ့ ကားဘော်ဒီကာလာကို ချက်ချင်း ပြောင်းပေးနိုင်မယ့် လျှပ်စစ် SUV နမူနာကားမော်ဒယ်တစ်မျိုးကို ကြေညာသွားတာပါ။ BMW ရဲ့ ကာလာပြောင်းနိုင်တဲ့ Concept ကားနမူနာကို iX Flow လို့ နာမည်ပေးထားပြီး ကားမျက်နှာပြင်ပေါ်မှာ မတူတဲ့ကာလာ‌ခြယ်ပစ္စည်းလေးတွေ ပါတဲ့ အထူးအလွှာတစ်ခု ပါရှိပါတယ်။  E Ink ထဲမှာ ပါတဲ့ လျှပ်စစ်ဓါတ်အားနဲ့ အရောင်ပြောင်းပေးနိုင်တဲ့ Color-Changing Effect ကြောင့် ကားရဲ့ အရှေ့အနောက် ဘေးတစ်လျှောက်တွေမှာ အရောင်တွေ ပြောင်းပေးသွားမှာပါ။

ခလုတ်တစ်ချက်နှိပ်ရုံနဲ့ အရောင်ပြောင်းနိုင်တဲ့ ကားတစ်မျိုး BMW မိတ်ဆက် Read More »

Vodafone ၊ Qualcomm နဲ့ Thales တို့ ပေါင်းပြီး ကမ္ဘာ့ပထမဆုံး iSIM စံ သရုပ်ပြမှု လုပ်ဆောင်

eSIM နည်းပညာရဲ့ နောက်တစ်ဆင့် တိုးတက်မှုပါပဲ စမတ်ဖုန်း SIM စံစနစ်သစ်အတွက် ထိပ်တန်းနည်းပညာနဲ့ တယ်လီကွန်းကုမ္ပဏီကြီး ၃ ခုတို့ ပူးပေါင်းပြီး သရုပ်ပြစမ်းသပ်မှုတစ်ရပ် လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။  တယ်လီကွန်းကုမ္ပဏီ Vodafone ၊ ချပ်စ်ထုတ်လုပ်တဲ့ Qualcomm နဲ့ ပြင်သစ်အခြေစိုက် နိုင်ငံစုံကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ Thales တို့ ပေါင်းပြီး iSIM (Integrated SIM) စနစ်သစ် သရုပ်ပြခဲ့တာလို့ GSMArena သတင်းက ဖော်ပြပါတယ်။ iSIM နည်းပညာကို Vodafone ကွန်ရက်ပေါ်မှာ Samsung Galaxy Z Flip 3 နဲ့ သက်သေပြ စမ်းသပ်မှုတွေ လုပ်ခဲ့တာ ဖြစ်ပါတယ်။  iSIM စံသစ်ကို စမတ်ဖုန်းရဲ့ ပင်မ Chipset ထဲက SIM

Vodafone ၊ Qualcomm နဲ့ Thales တို့ ပေါင်းပြီး ကမ္ဘာ့ပထမဆုံး iSIM စံ သရုပ်ပြမှု လုပ်ဆောင် Read More »

5G ကြောင့် ဂယက်ရိုက်နိုင်တဲ့ကိစ္စ အမေရိကန်လေကြောင်းအာဏာပိုင်များ သတိပေး

“ကျွန်တော်တို့ သိထားတာထက် ပိုကြီးတဲ့ ပြဿနာတွေ ဖြစ်လာတယ်။” 5G ဝန်ဆောင်မှုတွေကြောင့် လေကြောင်းသွားလာမှုထိခိုက်နိုင်တဲ့ အကြပ်အတည်းတွေ ဆိုက်ရောက်နိုင်ကြောင်း အမေရိကန်ပြည်ထောင်စုမှ လေကြောင်းလိုင်းအရာရှိတွေက သတိပေးလိုက်ပါတယ်။  အမေရိကန်တယ်လီကွန်းကုမ္ပဏီကြီးတွေ ဖြစ်တဲ့ AT&T နဲ့ Verizon တို့ဟာ ဗုဒ္ဓဟူးနေ့ကစပြီး C-Band 5G ကို စတင်ဖြန့်ကြက်ဖို့ ပြင်နေချိန်မှာ လေကြောင်းလိုင်း အမှုဆောင်အရာရှိတွေက လေယာဉ်ပြေးလမ်းနဲ့ နီးကပ်လွန်းတဲ့ 5G လှိုင်းတွေကြောင့် လေကြောင်းသွားလာမှုကို ထိခိုက်နိုင်မှာ စိုးရိမ်နေကြတာပါ။ C-Band လှိုင်းနှုန်းစဉ်ဟာ လေယာဉ်တွေမှာ မြင်ကွင်းကြည့်နိုင်စွမ်းအားနည်းချိန် Low-Visibility လုပ်ဆောင်ချက်အတွက် သုံးတဲ့ ကိရိယာတွေကို ကြားဖြတ်နှောက်ယှက်နိုင်လို့ ဖြစ်ပါတယ်။ 5G ဝန်ဆောင်မှုသစ်ကြောင့် ပြည်တွင်း လေကြောင်းလိုင်းတွေ ကမောက်ကမဖြစ်စေနိုင်သလို အမေရိကန်နိုင်ငံခြားခရီးစဉ်တွေလည်း ရပ်သွားစေနိုင်တယ်လို့ Airlines for America က

5G ကြောင့် ဂယက်ရိုက်နိုင်တဲ့ကိစ္စ အမေရိကန်လေကြောင်းအာဏာပိုင်များ သတိပေး Read More »

ယူကရိန်းအစိုးရနှင့် သံရုံးဝက်ဘ်ဆိုက်များ ဆိုက်ဘာတိုက်ခိုက်ခံရ

လက်သည်တရားခံရှာမရသေးပါဘူး ါဇင်နဲ့ချီတဲ့ ယူကရိန်းအစိုးရဝက်ဘ်ဆိုက်တွေဟာ သောကြာနေ့က ဆိုက်ဘာတိုက်ခိုက်မှုခံရပြီးနောက် ပြတ်တောက်မှုဖြစ်ပွားခဲ့ပါတယ်။ ယူကရိန်းဆိုက်ဘာတိုက်ခိုက်ခံရမှုဖြစ်ရပ်မှာ နိုင်ငံခြားရေးနဲ့ ပညာရေးဝန်ကြီးဌာနဝက်ဘ်ဆိုက်တွေအပြင် ယူကေ ၊ အမေရိကန်နဲ့ ဆွီဒင်သံရုံးဝက်ဘ်ဆိုက်တွေလည်း တိုက်ခိုက်ခံခဲ့ရတယ်လို့ BBC သတင်းက ဆိုပါတယ်။ ဝက်ဘ်ဆိုက်များ ပြတ်တောက်မှုမဖြစ်ခင်က ယူကရိန်းတွေအနေနဲ့ အဆိုးဆုံးအတွက် ပြင်ဆင်ထားဖို့ ခြိမ်းခြောက်တဲ့ မက်ဆေ့တစ်စောင်လည်း တက်လာခဲ့တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။  “ကြီးမားလှတဲ့ ဆိုက်ဘာတိုက်ခိုက်မှုတစ်ရပ်ကြောင့် နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် တခြားအစိုးရဌာနများရဲ့ ဝက်ဘ်ဆိုက်များ ယာယီအသုံးပြုမရ ဖြစ်နေကြပါတယ်။” လို့ နိုင်ငံခြားရေးဌာန ပြောခွင့်ရပုဂ္ဂိုလ်က AFP ကို ပြောပါတယ်။ “ကျွန်တော်တို့ရဲ့ ကျွမ်းကျင်ပညာရှင်တွေဟာ IT စနစ်တွေ ပြန်အသုံးပြုနိုင်ရေးအတွက် ကြိုးပမ်းနေကြပြီး ဆိုက်ဘာရဲတပ်ဖွဲ့ကလည်း စုံစမ်းစစ်ဆေးမှု လုပ်နေပါတယ်” လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုပါတယ်။ သောကြာနေ့အစောပိုင်းက ဆိုက်ဘာတိုက်ခိုက်ခံခဲ့ရတဲ့ ယူကရိန်းပညာရေးဝန်ကြီးဌာနဝက်ဘ်ဆိုက်မှာ

ယူကရိန်းအစိုးရနှင့် သံရုံးဝက်ဘ်ဆိုက်များ ဆိုက်ဘာတိုက်ခိုက်ခံရ Read More »

အမေရိကန်အစိုးရအလိုရှိနေတဲ့ REvil Ransomware ဂိုဏ်းကို ရုရှားအစိုးရ ဖြိုခွင်း

ဒေါ်လာ ၆ သိန်းကျော်တန် Cryptocurrency တွေနဲ့ ဇိမ်ခံကား အစီး ၂၀ လည်း သိမ်းဆည်းနိုင်ခဲ့ပါတယ် အမေရိကန်အစိုးရရဲ့ တောင်းဆိုချက်အရ REvil ဟက်ကာအဖွဲ့ကို ရုရှား FSB အဖွဲ့က ဖမ်းဆီးဖြိုခွဲလိုက်တယ်လို့ ဆိုပါတယ်။  ရုရှားပြည်တွင်းထောက်လှမ်းရေးအဖွဲ့ FSB ဟာ REvil ဟက်ကာအဖွဲ့ဝင်ပေါင်းများစွာကို ဖမ်းဆီးလိုက်ကြောင်း သောကြာနေ့က ကြေညာလိုက်တာပါ။ အမေရိကန်အစိုးရရဲ့ တောင်းဆိုချက်အတိုင်း FSB က ဖမ်းပေးလိုက်တာ ဖြစ်ပြီး ဒါဟာ ရုရှားနဲ့အမေရိကန်အစိုးရအေဂျင်စီတွေအကြားက ရှားရှားပါးပါး ပူးပေါင်းလုပ်ဆောင်မှုတစ်ခုလို့လည်း ဆိုရမှာ ဖြစ်ပါတယ်။  ရုရှားသတင်းဌာန Interfax ရဲ့ အဆိုအရ FSB ဟာ REvil အဖွဲ့ဝင် ၁၄ ဦးကို ဝင်ရောက်ဖမ်းဆီးရာမှာ ဒေါ်လာ ၆ သိန်းကျော်တန် Cryptocurrency နဲ့

အမေရိကန်အစိုးရအလိုရှိနေတဲ့ REvil Ransomware ဂိုဏ်းကို ရုရှားအစိုးရ ဖြိုခွင်း Read More »

Chip သုံးပြီး မသန်စွမ်းသူတစ်ဦး ပထမဆုံးအကြိမ် စိတ်နဲ့ Tweet တင်နိုင်ခဲ့

ဦးနှောက်-ကွန်ပျူတာကြားခံနည်းပညာ လက်တွေ့လောကထဲ ရောက်လာပြီ ဖြစ်ပါတယ် ဩစတြေးလျက မသန်စွမ်းသူတစ်ဦးဟာ စက္ကူညှပ်ကလစ်အရွယ် Brain Chip အကူအညီနဲ့ ပထမဆုံးအကြိမ် အတွေးက တစ်ဆင့် Tweet တစ်ခု ဖန်တီးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။  ALS လို့ ခေါ်တဲ့ ဦးနှောက်နဲ့ ကျောရိုးမ အာရုံကြောဆဲလ် ချို့ယွင်းတဲ့ ဝေဒနာခံစားနေရတဲ့ အသက် ၆၂ နှစ်အရွယ် ဖီးလစ်ပ် အိုကီးဖီဟာ Synchron ရဲ့ ဦးနှောက်-ကွန်ပျူတာကြားခံ ချပ်စ်တစ်မျိုး သုံးပြီး ပထမဆုံးအကြိမ် စိတ်နဲ့ Tweet တစ်ခု ရေးသားနိုင်ခဲ့တယ်လို့ The Independent သတင်းက ဖော်ပြထားပါတယ်။ အာရုံကြောနည်းပညာပိုင်း ဦးတည်ထားတဲ့ Synchron ဆိုတဲ့ startup ရဲ့ နည်းပညာအကူအညီနဲ့ အခုလို လုပ်ဆောင်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။  ကုမ္ပဏီရဲ့

Chip သုံးပြီး မသန်စွမ်းသူတစ်ဦး ပထမဆုံးအကြိမ် စိတ်နဲ့ Tweet တင်နိုင်ခဲ့ Read More »

အီလွန်မတ်စ်ရဲ့ဂြိုလ်တုတွေနဲ့ မတိုက်မိအောင် အာကာသစခန်း ရှောင်ခဲ့ရမှု UN ကို တရုတ်တိုင်ကြား

တရုတ်လူမှုကွန်ရက်တွေပေါ်မှာ မတ်စ်ကို အပြင်းအထန် ဝေဖန်နေကြပါ တရုတ်အာကာသစခန်းဟာ Starlink အင်တာနက်ဝန်ဆောင်မှုပရောဂျက်က လွှင့်တင်တဲ့ ဂြိုလ်တုတွေနဲ့ ဒီနှစ်ထဲ ၂ ကြိမ်တိုင် နီးကပ်တဲ့ ထိပ်တိုက်တိုးမှု ကြုံခဲ့ရတယ်လို့ ဆိုပါတယ်။  Starlink ဂြိုလ်တုတွေနဲ့ မတိုက်မိအောင် အာကာသယာဉ်စခန်း‌အနေနဲ့ ရှောင်လွှဲခဲ့ရမှုအပေါ် တရုတ်ဘက်က ကုလသမဂ္ဂအာကာသအေဂျင်စီကို တိုင်ကြားထားတဘ်လို့ ဘေဂျင်းက အတည်ပြုပါတယ်။ ဒီနှစ်ထဲမှာ တရုတ်ရဲ့ အာကာသစခန်းဟာ Starlink ဂြိုလ်တုတွေနဲ့ ဇူလိုင် ၁ ရက်နေ့ တစ်ကြိမ် ၊ အောက်တိုဘာ ၂၁ ရက်နေ့တစ်ကြိမ် နှစ်ကြိမ်တိုင်တိုင် နီးကပ်တဲ့ ထိပ်တိုက်တိုးမှုနဲ့ ကြုံခဲ့ရတယ်လို့ UN ရဲ့ အာကာသပြင်ပရေးရာရုံးကို တိုင်ကြားတဲ့ တရုတ်ရဲ့ တိုင်ချက်ထဲမှာ ဖော်ပြထားပါတယ်။ “ဘေးကင်းလုံခြုံရေးအတွက် တရုတ်အာကာသယာဉ်စခန်းဟာ ဝင်တိုက်မှု မဖြစ်အောင် ကြိုတင်ရှောင်ရှားရတဲ့

အီလွန်မတ်စ်ရဲ့ဂြိုလ်တုတွေနဲ့ မတိုက်မိအောင် အာကာသစခန်း ရှောင်ခဲ့ရမှု UN ကို တရုတ်တိုင်ကြား Read More »

ကန်နိုင်ငံခြားရေးဌာနဖုန်းများ NSO spyware တိုက်ခိုက်ခံရ

+1 နဲ့ စထားတဲ့ အမေရိကန်ဖုန်းနံပါတ်တွေကို ဒီ Spyware ဟာ ပစ်မှတ်မထားနိုင်ဘူးလို့လည်း NSO ဘက်က ပြောဆိုထားပါတယ်။ iPhone ကိုင်တဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ထမ်း ၉ ဦးထက်မနည်း အစ္စရေးထုတ် အဆင့်မြင့် spyware ဆိုက်ဘာတိုက်ခိုက်မှုနဲ့ ကြုံခဲ့ရတယ်လို့ ဆိုပါတယ်။ နာမည်ကျော် အစ္စရေးဆိုက်ဘာကုမ္ပဏီတစ်ခုဖြစ်တဲ့ NSO Group ထုတ် spyware ဟာ ယူဂန်ဒါနိုင်ငံ သံရုံးနဲ့ နိုင်ငံနဲ့ ချိတ်ဆက်အလုပ်လုပ်နေတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ထမ်း အနည်းဆုံး ၉ ဦးရဲ့ iPhone ကို Hacking လုပ်ခဲ့တာ ဖြစ်တယ်လို့ Reuters သတင်းက ဖော်ပြခဲ့ပြီး Wall Street Journal ရဲ့ သတင်းသစ်မှာ အမေရိကန်နဲ့ ယူဂန်ဒါသံရုံးဝန်ထမ်း စုစုပေါင်း

ကန်နိုင်ငံခြားရေးဌာနဖုန်းများ NSO spyware တိုက်ခိုက်ခံရ Read More »

Chrome ဆက်မသုံးဖို့ အင်တာနက် သုံးသူတွေကို Microsoft တိုက်တွန်း

Chrome အစား Microsoft Edge သုံးဖို့ တိုက်တွန်းနေပါတယ် Microsoft ဟာ ပြိုင်ဘက် Google Chrome ဝန်ဆောင်မှုမသုံးဖို့ အင်တာနက်သုံးသူတွေကို တိုက်တွန်းတဲ့ မက်ဆေ့တွေ ပို့နေတယ်လို့ ဆိုပါတယ်။  Windows 10 နဲ့ Windows 11 နှစ်မျိုးစလုံးမှာ Google Chrome ‌ဒေါင်းလုပ်ဆွဲမယ့် စာမျက်နှာထဲ ဝင်ရောက်ချိန်မှာ Chrome အစား Microsoft Edge Browser သုံးဖို့ Prompt မက်ဆေ့ပို့တာ ဖြစ်တယ်လို့ The Verge က ဖော်ပြပါတယ်။  Screen Shot ဖမ်းထားတဲ့ Prompts တွေထဲမှာ “Microsoft Edge ဟာ Chrome လိုမျိုး နည်းပညာသုံးတာချင်းအတူတူပဲ ဖြစ်ပြီး Microsoft က

Chrome ဆက်မသုံးဖို့ အင်တာနက် သုံးသူတွေကို Microsoft တိုက်တွန်း Read More »