What is Starlink?

ဒီတစ်ခါကတော့ Papa Elon ရဲ့ P et Program တစ်ခုဖြစ်တဲ့ SpaceX ရဲ့ Starlink အကြောင်းပြောပြပေးမှာပါ။ မြန်မာနိုင်ငံမှာတော့မရနိုင်သေးပါဘူးနော်။ ဖေဖော်ဝါရီအစောပိုင်းလောက်တုန်းက Facebook ပေါ်မှာလူသိများ ခဲ့တဲ့ Starlink ကိုမြန်မာနိုင်ငံမှာရနိုင်မရနိုင်ကို Email တကူးတကပြန်ပေးထားတဲ့ Papa Elon အကြောင်းလဲ ဖတ်ဖူးလိုက်ရမှာပါ။ ယနေ့ခေတ်အင်တာနက်နဲ့ပတ်သတ်လို့နိုင်ငံတကာမှာ Trend ဖြစ်နေတဲ့အကြောင်းအရာ လေးတစ်ခုကို ဗဟုသုတအနေနဲ့ဖော်ပြပေးချင်တာပါ။ ဒီတော့စလိုက်ရအောင်နော်…

What is Starlink?

Starlink ဆိုတာက အပေါ်မှာပြောတဲ့အတိုင်းပဲ Papa Elon ရဲ့ Pet Program တစ်ခုပါ။ ရည်ရွယ်ချက်ကတော့ အဓိကပင်မလုပ်ငန်းဖြစ်တဲ့ SpaceX ရဲ့ အင်္ဂါဂြိုလ်ပေါ်သွားနိုင်တဲ့အထိ တိုးတက်အောင်လုပ်နေတဲ့ အတောအတွင်းမှာ ပုံမှန်ရန်ပုံငွေလိုနေတာကြောင့်ရယ် Elon Musk ရဲ့ အင်တာနက်ကို တစ်ကမ္ဘာလုံးဈေးသက်သက်သာသာနဲ့ နေရာမရွေးသုံးစွဲနိုင်အောင်လုပ်ပေးချင်တဲ့ ရည်ရွယ်ချက်ကြောင့်ရယ် စတင်ဖြစ်ပေါ်လာတာပါ။ သူက Satellite Internet Service အမျိုးအစားပါ။ မြင်အောင်ပြောရရင် Skynet စတင်တုန်းက ကြေညာခဲ့တဲ့အင်တာနက်မျိုးပါ (အခုတော့သူလဲသုံးတဲ့သူရောရှိသေးရဲ့လားတောင်မသိ)။ သူ့အရင်တုန်းကလဲ Satellite Internet Service ကိုလုပ်နေကြတဲ့လူတွေအများကြီးရှိပါတယ် (လက်ရှိအချိန်ထိရှိနေတုန်းပါ၊ ဒါလဲ Starlink တစ်ကမ္ဘာလုံးမှာ Official ရတာနဲ့အကုန် Starlink ကုန်ကြမှာပါ)။အဲ့ဒီအရင် Satellite Internet တွေနဲ့ Starlink ဆိုတာနဲ့ဘာကွာလဲဆိုရင် အဓိကအချက်က Papa Elon ကြောင့်ပါ (နောက်တာပါ)။ ပုံမှန် Internet အတွက်သုံးတဲ့ Satellite တွေက ဈေးနှုန်းအရမ်းကြီးမြင့်ပါတယ်။ သူတို့ Satellite တစ်ခုအတွက်ကုန်ကျစရိတ်ရယ်၊ အပေါ်ရောက်ဖို့လုပ်ရတဲ့ ကုန်ကျစရိတ်တွေကြောင့်ရယ်ပါ (ဒီတော့ သူတို့ကိုလဲအပြစ်ပြောလို့မရပါဘူး၊ ကုန်ကျစရိတ်ကလဲမသေးတာကိုး)။

A Falcon 9 rocket launches at Cape Canaveral Air Force Station, Fla. Nov. 11, 2019. The launch, supported by the 45th Space Wing, includes upgrades to the Starlink broadband network. The Starlink network is a collection of satellites being used to provide fast, reliable internet to areas with little to no connectivity. (U.S. Air Force photo by Airman 1st Class Zoe Thacker)

Starlink ကတော့ သူတို့ပင်တိုင်လုပ်ငန်းဖြစ်တဲ့ SpaceX ကိုက နည်းပညာပိုင်းမှာ လက်တွေ့ကမ္ဘာရဲ့ Tony Stark လို့တောင်တင်စားနေကြတဲ့ Papa Elon ရဲ့ဦးဆောင်မှုကြောင့် ခြေလှမ်းများစွာအရှေ့ရောက်နေတာရယ် (အဓိကကတော့ ကိုယ်တိုင်ထုတ်လုပ်၊ ကိုယ်တိုင်လွှင့်တင်နိုင်တာကြောင့် ကုန်ကျစရိတ်အများကြီးသက်သာနေတာပါ)၊ သူ့ကုန်ကျစရိတ်ကလဲ NASA ကတောင်နောက်ပိုင်း အာကာသယာဉ်မှူးတွေကို ISS ကိုပို့ချင်ရင်ပဲဖြစ်ဖြစ်၊ ISS အတွက် ထောက်ပို့ပစ္စည်းတွေပို့ချင်ရင်ပဲဖြစ်ဖြစ် ကိုယ်တိုင်လုပ်တာထက် ၁၀ဆ ကျော်ကျော်လောက် ဈေးကွာနေလို့ SpaceX ကိုပဲ Contract ပေးပြီးလုပ်နေတဲ့အထိ (ရုရှားကိုအဖက်မလုပ်ချင်တာကြောင့်လဲပါမှာပေါ့လေ) ဈေးသက်သာနေတာကြောင့်ရယ်၊ ပုံမှန် Internet အတွက်သုံးတဲ့ Satellite အရေအတွက်ထက် အများကြီးလွှင့်တင်ထားတာကြောင့်ရယ်(မူလက ၁၂,၀၀၀ Satellite လွှင့်တင်ဖို့စီစဉ်ထားပေမယ့်၊ နောက်ပိုင်းကျရင် ၄၂,၀၀၀ အထိတိုးမြှင့်သွားမယ်လို့ကြေညာထား)၊ ပုံမှန် Satellite တွေကမ္ဘာကိုပတ်တဲ့ အကွာအဝေးထက် အများကြီးနိမ့်ပြီး ပတ်နေဖို့စီစဉ်ထားတာကြောင့်ရယ် သူတို့ပေးတဲ့အင်တာနက်က Latency နဲ့ Speed မှာတခြား Satellite Internet Service Provider တွေထက်အများကြီး ပိုမိုကောင်းမွန်ပါတယ်။Satellite Internet ဆိုတာမျိုးက ပိုမြင့်မြင့်မှာရှိလေ Coverage Area အများကြီးကိုဖုံးလွှမ်းနိုင်လေပါ။ အဲ့ဒီအတွက်ကြောင့်လဲ Satellite Internet က Ground မှာရှိတဲ့ Internet Service Provider တွေနဲ့ယှဉ်ရင် Latency နဲ့ ဈေးနှုန်းပိုင်းမှာမယှဉ်နိုင်ခဲ့တာပါ။ ဒီအတွက်ဖြေရှင်းနည်းအနေနဲ့ Starlink က Latency နဲ့ Speed အတွက် သူတို့ရဲ့ Satellite တွေကို နိမ့်နိမ့်လေးမှာပတ်နေခိုင်းတာပါ (ညဘက်တွေဆို သာမန်မျက်စိနဲ့တောင် မြင်နိုင်ပါတယ်)။

ဒါလေးကတော့ SpaceX ရဲ့ ဈေးသက်သာရခြင်းအကြောင်းအရင်းဖြစ်တဲ့ ခေတ်လွန်နည်းပညာတစ်ခုကို ပြထားတဲ့ဗီဒီယိုလေးပါ

ပတ်လမ်းကြောင်းက နိမ့်တဲ့အတွက် Satellite တွေရဲ့ Coverage Area ကိုသာမန်ထက်ပိုကျဉ်းမြောင်းသွားတဲ့အတွက် အရေအတွက်အများကြီးလွှင့်တင်ထားဖို့လိုတာပါ။ အားသာချက်အနေနဲ့ ပတ်လမ်းကြောင့်နိမ့်တဲ့အတွက် ကမ္ဘာကနေ Satellite နဲ့အကွာအဝေးနည်းတာကြောင့် Data Transfer လုပ်တဲ့ ကြာချိန်ကအများကြီးနည်းသွားပါတယ်။ ဒါ့အပြင် Starlink က နောက်ပိုင်းလွှင့်တင်တဲ့ Batch တွေမှာပါသွားတဲ့ Satellite တွေက နည်းပညာပိုင်းမှာအများကြီး အဆင့်မြှင့်တင်ထားပါတယ်။ သူတို့ကိုယ်ပိုင် Satellite တွေကြား Laser နဲ့ ချိတ်ဆက်ပြီး Data Transfer လုပ်နိုင်တဲ့ Function တွေပါဝင်လာပါတယ်။ အလင်းဆိုတာမျိုးက Fiber Cable တွေထက်စာရင် လေဟာနယ်လိုနေရာမျိုးမှာပိုပြီးမြန်မြန်သွားနိုင်ပါတယ် (Fiber Internet ဆိုတာကလဲ အလင်းနဲ့သွားတာပါ၊ အလင်းသွားဖို့အထူးပြုလုပ်ထားတဲ့ Cable အမျိုးအစားတွေပါ)၊ Sender နဲ့  peer ကြား Data Transfer လုပ်နိုင်တဲ့ကြာချိန်နည်းလေ၊ Latency နဲ့ Speed ပိုကောင်းလေပါ။ ဒါကြောင့်လဲ Fiber Internet မှာတောင် အလင်းဘယ်လောက်မြန်မြန်သွားနိုင်သလဲဆိုတာပေါ်မူတည်ပြီး ဈေးကြီးတဲ့အမျိုးအစားလဲရှိသလို၊ ဈေးသက်သာတဲ့အမျိုးအစားတွေလဲရှိပါတယ် (လက်ရှိထက်မြန်နိုင်သမျှမြန်အောင်လဲကြိုးစားနေကြပါတယ်)။

တောင်ကိုရီးယားမှာသုံးတဲ့ Fiber Cable အမျိုးအစားတွေက ဈေးအကြီးဆုံးတွေပါ။ အဲ့ထက်ပိုမြန်တဲ့ Fiber အမျိုးအစားတွေထွက်လာရင်လဲ အမြဲအစားထိုးဖို့အစီအစဉ်တွေရှိပါတယ် (နောက်ပိုင်းစင်ကာပူလဲသုံးလာပါပြီ)။ ဒါကြောင့်လဲ့ သူတို့ရဲ့ Lan Internet Speed တွေက ကမ္ဘာ့အမြန်ဆုံးတွေဖြစ်နေတာပါ။ Fastest Internet ဆိုပြီး Goggle မှာရှာကြည့်လိုက်ရင်သိနိုင်ပါတယ် (ဒီနေရာမှာသူတို့က Lan Internet Speed နဲ့ Mobile Internet Speed ဆိုပြီးရှိပါတယ်နော်၊ မှားနေကြမှာစိုးလို့ပါ)။ အပေါ်ကပြောခဲ့တဲ့ Starlink Internet Satellite တွေကြားမှာလဲ Laser နဲ့တစ်ခုနဲ့တစ်ခုချိတ်ဆက်ပြီးသုံးကြတာဖြစ်လို့ Satellite အရေအတွက်ပိုပိုများလာပြီး နေရာတော်တော်များများကို လွှမ်းမိုးနိုင်ခဲ့မယ်ဆိုရင် သူ့အင်တာနက်က Ground Internet Service Provider တွေနဲ့ Latency ပိုင်းမှာ ပခုံးချင်းယှဉ်နိုင်ရုံသာမက တစ်ချိန်ရောက်ရင် ကျော်တောင်ကျော်တက်သွားနိုင်ပါသေးတယ်။ လက်ရှိမှာတော့ Latency ပိုင်းမှာ Fiber Internet တွေကအကောင်းဆုံးပါ။ အလင်းကလေဟာနယ်မှာပိုမြန်မြန်သွားတဲ့အချက်ကြောင့် Satellite တွေကြား Data Transfer လုပ်တဲ့အချိန်ပိုနည်းတယ်ဆိုပေမယ့် Satellite တွေနဲ့ Ground Station တွေကြား ကြာချိန်ရှိပါသေးတယ်။ Speedtest စမ်းထားကြတဲ့ Youtuber တွေရဲ့ဗီဒီယိုတွေအရ Connection မိပြီး လိုင်းငြိမ်နေတဲ့အချိန်မှာ သူ့အင်တာနက် Speed က Latency 30ms ဝန်းကျင်နဲ့ 150 Mbps လောက်ရပါတယ်။

ဒါတောင် Beta Program ပဲမှာပဲရှိသေးတာပါ။ သူတို့ရဲ့ Marketing Selling Point က 1Gbps အင်တာနက်မြန်နှုန်းနဲ့ Low Latency အင်တာနက်ကို တစ်ကမ္ဘာလုံးသုံးစွဲနိုင်ရေးပါ။ အခုအချိန်မှာ Beta Stage ပဲရှိသေးတာကြောင့် Latency 30ms, Speed around 150Mbps နဲ့ Coverage Area ကနေရာအနည်းငယ်မှာပဲရနိုင်ပါသေးတာပါ။ လက်ရှိသုံးနိုင်တဲ့နေရာတွေက US, Canada, UK နေရာအချို့မှာပဲရနိုင်သေးပါတယ် (ဒါတောင် Pre-order ငါးသန်းနီးပါးလက်ခံရရှိထားပြီးပြီ လို့ကြေညာထားပါတယ်၊ Demand ကြီးကကျွတ်ဆင်ကြီးနော်။ အဲဒီ့လောက်ကိုကမ္ဘာမှာသူ့အင်တာနက်ကို လိုချင်နေကြတာပါ)။ ကျွန်တော်တို့လဲဒီမြန်မာနိုင်ငံမှာသာရနိုင်ပြီဆိုရင် စမ်းသုံးကြည့်သင့်တဲ့ Internet တစ်ခုပါနော်။ ဈေးနှုန်းအနေနဲ့သူတို့ရောင်းတာက Starter Kit တစ်ခုကို 500$ နဲ့ လစဉ်ကြေး 99$ ပါ(ဈေးကကြီးလိုက်တာလို့ထင်မိမှာပေါ့၊ မြန်မာနိုင်ငံအနေနဲ့ဆိုရင်လေ)။ ဒါပေမယ့် တွေးကြည့်ပါ။ သူတို့ Starter Kit ကိုဖန်တီးထားတဲ့နည်းပညာက လက်ရှိမှာသူတို့တစ်ဦးတည်းသာသုံးနိုင်တဲ့နည်းပညာနဲ့ ပြုလုပ်ထားတာပါ။

ကုန်ကျစရိတ်က Unit တစ်ခုချည်းစီကို 2,000$ လောက်ကျပါတယ်၊ ဒါကိုသူတို့က 500$ နဲ့ရောင်းပေးတာပါ။ Beta Program ပဲရှိသေးတာကြောင့်ရယ်၊ သူတို့ရည်မှန်းချက်က လစဉ်ကြေးဆိုတာကြောင့်ရယ်တို့ကြောင့်ဖြစ်နိုင်ပါတယ် (ကုန်ကျစရိတ်ထက် ဈေးအများကြီးတင်ရောင်းနေတဲ့ ပန်းသီးတံဆိပ်နဲ့ယှဉ်ကြည့်မယ်ဆိုရင်တော့ဖြင့်…. thanks to Papa Elon)။ လစဉ်ကြေး 99$ ဆိုတာကလဲ ကျွန်တော်တို့လက်ရှိသုံးနေကြတဲ့အင်တာမှာတောင် 100Mbps ကျော်ကျော်လောက်ကို တစ်သိန်းဝန်းကျင်ပေးရပါတယ်။ ပြီးတော့ဒီ 150Mbps က Beta နော်၊ Selling Speed က 1Gbps ပါ (Calculator ဘေးနားမှာရှိရင်ယှဉ်သာကြည့်ကြပါတော့လို့ 1Gbps Internet Speed ကို လက်ရှိ Fiber ဈေးတွေနဲ့သာဆိုဘယ်လောက်ကျနိုင်တယ်ဆိုတာ)။ ပြီးတော့ကျွန်တော်တို့ရဲ့ လစဉ်ကြေးတွေက သူ့တို့ရဲ့ Human Journey to Mars ဆိုတာအတွက် ပုံမှန်ရန်ပုံငွေအတွက်ပါ။ လူသားမျိုးနွယ်တွေပိုမိုတိုးတက်လာစေမယ့် Program တစ်ခုအတွက် Fund ထည့်ပေးနေတာလို့တောင် မှတ်ယူထားလို့ရပါတယ် (ငိငိ အကြီးကြီးတွေဖြစ်သွားပြီ၊ ဒီမှာက မအလကြောင့်နဲ့တင် စိတ်တွေဆင်းရဲနေကြရတာကို)။

Leave a Comment

Your email address will not be published. Required fields are marked *