DeFi Hack တွေထဲမှာ အကြီးဆုံးဆိုက်ဘာတိုက်ခိုက်ခံရမှု ဖြစ်လာပါတယ်
နာမည်ကျော် Blockchain ဂိမ်း Axie Infinity ရဲ့ Ronin Network ဆိုက်ဘာတိုက်ခိုက်ခံရပြီးနောက် ဒေါ်လာ ၆၂၅ သန်းဖိုးခန့် တန်တဲ့ Cryptocurrency တွေ အခိုးခံလိုက်ရတယ်လို့ ဆိုပါတယ်။
အင်္ဂါနေ့ကပဲ Ronin ကွန်ရက်နဲ့ Axie Infinity ဂိမ်း ကုမ္ပဏီ Sky Mavis က လုံခြုံရေးကျိုးပေါက်မှုအကြောင်း ထုတ်ပြန်ခဲ့တာ ဖြစ်ပြီး ကုမ္ပဏီရဲ့ Blockchain ကနေ fund အထုတ်အသွင်းလုပ်တဲ့ Ronin ကွန်ရက်လမ်းကြောင်းကို ငွေလွှဲပြောင်းမှု ပိတ်ထားလိုက်တယ်လို့ The Verge သတင်းမှာ ဖော်ပြပါတယ်။ Sky Mavis ရဲ့ အဆိုအရ မတ်လ ၂၃ ရက်နေ့က ကွန်ရက်ပေါ်ကနေ လိမ်ပြီး ထုတ်ယူသွားတဲ့ တရားခံဆီကနေ Ethereum 173600 (ကန်ဒေါ်လာ သန်း ၆၀၀ ဖိုးခန့်) နဲ့ USDC stable coin ၂၅.၅ သန်းဖိုး ပြန်ရအောင် ကြိုးစားနေတယ်လို့လည်း သိရပါတယ်။
- MICROSOFT ရဲ့ SOURCE CODE များ LAPSUS$ ဟက်ကာအဖွဲ့ ခိုးယူခဲ့
- LAPSUS$ ဟက်ကာအဖွဲ့နဲ့ ပတ်သက်တဲ့ ဆယ်ကျော်သက်လူငယ် ၇ ဦး အဖမ်းခံရ
ဒီဆိုက်ဘာတိုက်ခိုက်မှုဟာ Aixe Infinity နဲ့ Ethereum လိုမျိုး တခြား Cryptocurrency Blockchains တွေအကြား ကြားခံချိတ်ဆက်တဲ့ Sky Mavis ရဲ့ Ronin Blockchain Bridge ကို ဦးတည်တိုက်ခိုက်ခဲ့တာပါ။ Axie Infinity ဂိမ်း သုံးစွဲသူတွေဟာ ဂိမ်းအတွင်းငွေကြေးအဖြစ် ဒါမှမဟုတ်လည်း NFT items တွေ ဝယ်ဖို့အနေနဲ့ Ethereum ၊ USDC Coin တွေကို Ronin ကွန်ရက်ပေါ်မှာ စပေါ် Deposit တင်ထားတာ ဖြစ်ပါတယ်။ နောက်ပိုင်းမှာ ကိုယ့်ဂိမ်းထဲက items /assets တွေ ရောင်းပြီး ငွေပြန်ဖော်တာ ၊ ငွေပြန်ထုတ်တာမျိုးလည်း လုပ်နိုင်မှာပါ။
Sky Mais ရဲ့ ထုတ်ပြန်ချက်မှာတော့ စနစ်ကို တိုက်ခိုက်သွားတဲ့ ဟက်ကာဟာ Ronin Blockchain နဲ့ အသွားအပြန် ပေးပို့ကူးပြောင်းအောင် ခွင့်ပြုတဲ့ Network Node တွေကို ထိန်းချုပ်ဖို့ Private Security Keys တွေကို Hack ခဲ့တာလို့ ဆိုပါတယ်။ ဒီနည်းနဲ့ Ethereum နဲ့ USDC coins တွေ အများကြီးကို ဟက်ကာက တိတ်တိတ်ကလေး ထုတ်ယူသွားတာ ဖြစ်ပါတယ်။
အခုလို ထုတ်သွားတာကို တစ်ပတ်လောက် ကြာပြီးမှ သိလိုက်တာ ဖြစ်ပြီး သိပုံကလည်း Bridge ကနေ နောက်တစ်ယောက်က Ethereum ၅၀၀၀ ထုတ်ဖို့ လုပ်နေချိန်မှာ သတိထားမိသွားတာလို့ ဆိုပါတယ်။ Blockchain Intelligence Group ရဲ့ လေ့လာသုံးသပ်သူတွေအဆိုအရ အခိုးခံလိုက်ရတဲ့ ငွေတွေဟာ ရွှေ့ပြောင်းနေဆဲပဲ ရှိသေးပြီး လက်ရှိအချိန်အထိ Ethereum ထဲက ဒေါ်လာ ၁၇ သန်းဖိုးပဲ FTX နဲ့ Huobi အပါအဝင် Crypto Exchange တွေဆီ လွှဲပြောင်းထားတာ ဖြစ်တယ်လို့ ပြောပါတဘ်။
DeFi လို့ ခေါ်တဲ့ ဗဟိုထိန်းချုပ်မှုမဲ့ငွေကြေးစနစ်လောကမှာ ဒီတစ်ခေါက် ဆိုက်ဘာတိုက်ခိုက်ခံရမှုက အကြီးဆုံးလို့ ပြောနိုင်ပါတယ်။ ဒီတစ်ခေါက် ဆိုက်ဘာတိုက်ခိုက်မှုက အကြီးဆုံး DeFi ဆိုက်ဘာတိုက်ခိုက်မှုအဖြစ် မှတ်တမ်းဝင်တဲ့ ပြီးခဲ့တဲ့နှစ် ဩဂုတ်လက Poly Network ဆိုတဲ့ DeFi Protocol တစ်ခု ဒေါ်လာ ၆၁၁ သန်းတန် ဆိုက်ဘာတိုက်ခိုက်ခံရချိန်ထက်ကို ဆုံးရှုံးမှုပိုများနေတာ ဖြစ်ပါတယ်။
Pingback: Lapsus$ ဟက်ကာအဖွဲ့နဲ့ ပတ်သက်တဲ့ ဆယ်ကျော်သက်လူငယ် ၇ ဦး အဖမ်းခံရ - Regards Engineering Co., Ltd.
Pingback: Microsoft ရဲ့ Source Code များ Lapsus$ ဟက်ကာအဖွဲ့ ခိုးယူခဲ့ - Regards Engineering Co., Ltd.