ယူကရိန်းအစိုးရနှင့် သံရုံးဝက်ဘ်ဆိုက်များ ဆိုက်ဘာတိုက်ခိုက်ခံရ

လက်သည်တရားခံရှာမရသေးပါဘူး

ါဇင်နဲ့ချီတဲ့ ယူကရိန်းအစိုးရဝက်ဘ်ဆိုက်တွေဟာ သောကြာနေ့က ဆိုက်ဘာတိုက်ခိုက်မှုခံရပြီးနောက် ပြတ်တောက်မှုဖြစ်ပွားခဲ့ပါတယ်။

ယူကရိန်းဆိုက်ဘာတိုက်ခိုက်ခံရမှုဖြစ်ရပ်မှာ နိုင်ငံခြားရေးနဲ့ ပညာရေးဝန်ကြီးဌာနဝက်ဘ်ဆိုက်တွေအပြင် ယူကေ ၊ အမေရိကန်နဲ့ ဆွီဒင်သံရုံးဝက်ဘ်ဆိုက်တွေလည်း တိုက်ခိုက်ခံခဲ့ရတယ်လို့ BBC သတင်းက ဆိုပါတယ်။ ဝက်ဘ်ဆိုက်များ ပြတ်တောက်မှုမဖြစ်ခင်က ယူကရိန်းတွေအနေနဲ့ အဆိုးဆုံးအတွက် ပြင်ဆင်ထားဖို့ ခြိမ်းခြောက်တဲ့ မက်ဆေ့တစ်စောင်လည်း တက်လာခဲ့တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။ 

“ကြီးမားလှတဲ့ ဆိုက်ဘာတိုက်ခိုက်မှုတစ်ရပ်ကြောင့် နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် တခြားအစိုးရဌာနများရဲ့ ဝက်ဘ်ဆိုက်များ ယာယီအသုံးပြုမရ ဖြစ်နေကြပါတယ်။” လို့ နိုင်ငံခြားရေးဌာန ပြောခွင့်ရပုဂ္ဂိုလ်က AFP ကို ပြောပါတယ်။ “ကျွန်တော်တို့ရဲ့ ကျွမ်းကျင်ပညာရှင်တွေဟာ IT စနစ်တွေ ပြန်အသုံးပြုနိုင်ရေးအတွက် ကြိုးပမ်းနေကြပြီး ဆိုက်ဘာရဲတပ်ဖွဲ့ကလည်း စုံစမ်းစစ်ဆေးမှု လုပ်နေပါတယ်” လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုပါတယ်။

သောကြာနေ့အစောပိုင်းက ဆိုက်ဘာတိုက်ခိုက်ခံခဲ့ရတဲ့ ယူကရိန်းပညာရေးဝန်ကြီးဌာနဝက်ဘ်ဆိုက်မှာ ယူကရိန်း ၊ ရုရှားနဲ့ ပိုလန်ဘာသာစကားတွေနဲ့ “ယူကရိန်းများ သင်တို့ရဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်အားလုံးကို ဖျက်ထားပြီး ပြန်ယူလို့ မဖြစ်နိုင်ဘူး။ သင်တို့နဲ့ ပတ်သက်တဲ့ အချက်အလက်အားလုံးကို အားလုံးသိအောင် ချပြမယ်။ အဆိုးဆုံးသာ မျှော်လင့်ပေတော့။” ဆိုတဲ့ ခြိမ်းခြောက်စာရေးတင်ထားပါတယ်။ 

ဒီတိုက်ခိုက်မှုရဲ့ နောက်ကွယ်မှာ ဘယ်သူတွေ ရှိနေလဲ မသိရပေမယ့် ပြောခွင့်ရပုဂ္ဂိုလ်ရဲ့အဆိုအရ အရင်ဆိုက်ဘာတိုက်ခိုက်မှုတွေကတော့ ရုရှားကနေ လာတယ်လို့ ဆိုပါတယ်။ ယခုဖြစ်ရပ်အပေါ် ရုရှားက မှတ်ချက်ချပြောဆိုခြင်း မရှိသေးပါဘူး။ တစ်ဖက်မှာလည်း ယူကရိန်းအစိုးရဟာ နိုင်ငံနယ်စပ်အနားမှာ ရုရှားတပ်ဖွဲ့ဝင်ပေါင်း ၁ သိန်းခန့် လာရောက်တပ်စွဲနေတဲ့ ဖိအားနဲ့ ကြုံနေရပါတယ်။ 

Leave a Comment

Your email address will not be published. Required fields are marked *